Sunday, February 17, 2013

ငါဟာ မျှော်လင့်ခြင်းကို
တိတ်တဆိတ်နဲ့ ချဉ်းကပ်မိခဲ့တယ်
နင်ပေးမယ့် အမုန်းကို သိသိကြီးနဲ့
ငါနင့်ကို မြတ်နိုးနေမိတယ်
ယုယခြင်းဆိုတာ သူများတွေအတွက်
ကဗျာဆန်ပေမယ့်

ငါ့အတွက်ကတော့ မုန်တိုင်းထန်စေခဲ့တယ်
ဖြစ်ပြီးပျက်တတ်တဲ့ သဘောတရားက
ငါ့ ရင်ထဲမှာ ဖြစ်နေတဲ့ ချစ်ခြင်းတွေကို
ဘယ်တော့ မှ ပျက်ဆီးစေမှာလဲ
သိပ်ပြီးချစ်ခဲ့တယ်
သိပ်ပြီးမြတ်နိုးခဲ့တယ်
သိပ်ပြီးယုယခဲ့တယ်
အော် နောက်ဆုံးတော့
ငါ့အတွက်က ကျိန်စာမိထားတဲ့
ငှက်တစ်ကောင်လို
ပင်လယ်ပေါ်ဖြတ်ပျံမိမှ
မုန်တိုင်းမိရတယ်လို့ကွာ
aungkomyint91@gmail.com

No comments: