Sunday, February 17, 2013

တကိုယ်ရေည

 ခန်းဆီးလိုက်ကာစတွေ  အရောင်မှိန်
 အိမ်အိုလေးလဲ  ဟောင်းခဲ့ချိန်
 မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
 မင်းအကြောင်း  တွေးလိုက်တိုင်း
 ရင်ခုန်လှုပ်ရှား  နေတုန်းပါပဲလား
 မီးလင်းဖို  နွေးနွေးလေးဘေးမှာ  ထိုင်ငေးရင်း
 အမှတ်မရှိနိုင်လွန်းတဲ့  ကိုယ့်နှလုံးသားကို
 ကိုယ်သာ အပြစ်တင်နေမိတော့တယ်
 ကမ္ဘာဆုံးသွားတောင်  ဆုံးသေးမယ်

အဆုံးသတ်မှတ်တမ်း


ငါ့နှလုံးသားရဲ့ နိဒါန်းအစမှာ
ရင်ခုန်မှုတွေ ပိုင်ခဲ့ပေမဲ့
ဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို
နောက်ဆုံးတော့လည်း အဆုံးသက်ခဲ့ပြီ.....
ကြင်နာမှုတွေပေးကမ်း
လက်တစ်လှမ်းအကွာက အနမ်းတွေကို
ရိုးလို့မင်းကြာလာတဲ့အခါ
ဒဏ်ရာတွေပေး ငါနဲ့အဝေးကို
ထားလို့လည်း မင်းထွက်သွားခဲ့ပြီ.....

"ကျေးဇူးပါ...အတိတ်လေးရယ်"


လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
ငါဟာ မျှော်လင့်ခြင်းကို
တိတ်တဆိတ်နဲ့ ချဉ်းကပ်မိခဲ့တယ်
နင်ပေးမယ့် အမုန်းကို သိသိကြီးနဲ့
ငါနင့်ကို မြတ်နိုးနေမိတယ်
ယုယခြင်းဆိုတာ သူများတွေအတွက်
ကဗျာဆန်ပေမယ့်

ကိုးကြာသို့ အလွမ်း

အလွမ်း (၁)
 မင်းကို သတိရမိတယ် ကြိုးကြာ....... ကိုယ် မင်းကို သတိရမိတယ်..... ငှက်ငွေပြာတွေ ရေဇလာပေါ်မှာ တောင်ပံခတ်သံကြားတိုင်း...... လှုပ်ခတ်လာတဲ့ ရင်တွင်းဝေဒနာဟာ ရင့်မှည့်သထက် ရင့်မှည့်လို့..... ဟိုအဝေး မိုးကောင်းကင်ထက်မှာ ကြိုးကြာငှက်တွေ ပျံသန်းသွားတိုင်းလဲ ကြိုးကြာများ ကိုယ့်ဆီပြန်လာမလားလို့ ကိုယ်တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်.....