Sunday, September 16, 2012
ဒီကဗျာလေးနဲ့  နုတ်ဆက်ပါတယ်
ကောင်မလေးရယ်.......
ဒဏ်ရာတွေဘလပွဖြစ်နေတဲ့ ငါ့ရင်ခွင်ကို
နင်ကရက်စက်ခြင်းတွေနဲ့  နှစ်သိမ့်ခဲ့ တာလား
အချစ်ကြီးကြီးချစ်မိတော့လည်း မျှော်လင့်ချက်ကကြီးတယ်
သံယောဇဉ်ကြီးတဲ့  ငါ့ကို နင်က ဥပေက္ခာတွေလည်း ပြုထားနိုင်တယ်..........။
ငါ့အဖြစ်ကလေ လေထဲမှာအိမ်ဆောက်ချင်သလို
တိမ်တွေကိုပဲ ဆုပ်ကိုင်ထားချင်သလိုလို
ဆွေးဆွေးမြေးမြေးဖြစ်နေတဲ့  ငါနှလုံးသားကိုပဲ ငါပြန်သနားမိတယ်
တနေ့ နေ့ အတူနေကြမယ်လို့  ကတိပေးခဲ့ တာလည်း နင်
ကံမကုန်လို့ ပြန်ဆုံကြတဲ့ အခါ ခပ်မှိန်မှိန်မျှော်လင့်ချက်တွေကို
အတောက်ဆုံးအရောင်ချယ်ပြီး
တသက်လုံးမခွဲဘူးလို့  သစ္စာထားခဲ့ တာလည်း နင်...........။
ကတိတွေတော့ အကြိမ်ကြိမ်ပေးရှာတယ် မတည်တာတော့ခက်တယ်
သစ္စာတွေလည်း အကြိမ်ကြိမ်ထားခဲ့ ဖူးတယ် မမြဲတာပဲခက်တယ်
အရောင်ပြယ်ပြယ်အိမ်မက်တစ်ခုနဲ့ ပဲ ငါ့ရဲ့ မနက်ဖြန်တွေတိုင်းကို
အထီးကျန်ဆန်စွာ ဖြတ်ကျော်ရတော့မယ်................။
ကောင်မလေးရယ်......
ပြန်မလာတော့ရင်လည်း ပျော်ရာမှာပဲ နေလိုက်ပါတော့
ဒီကဗျာလေးနဲ့ ပဲ နုတ်ဆက်လိုက်ပါတယ်
ထာဝရ  ပြန်မဆုံကြေးပေါ့.............။
                                                                                                                                ဖိုးခွားလေး (ကော့မူးမြို့ )
No comments: