ကဗျာများ
လွမ်းရသူကငါ
ချစ်ခဲ့ပေမယ့်ချစ်ရက်မရှည်ခဲ့ပါ
မလွမ်းရဲပေမယ့် လွမ်းရက်ရှည်ခဲ့တာ
ထပ်တွေ့ချင်ပေမယ့် ထပ်မတွေ့နိုင်တော့တာ
ဝေးသွားပေမယ့် ဆွေးအားမပြေခဲ့ပါ။
အကြောင်းမသင့်လို့ ဒို့တွေမပေါင်းဖြစ်ခဲ့တာ
တွေးမိတိုင်း မျက်ရည်ဝိုင်း
ဘေးကြည့်တိုင်းလည်းအတွဲတွေကိုယ်စီနဲ့
ဒီအချိန်ဆို မင်းရောဒို့လို ကြေကွဲနေမလား
ဒါမှမဟုတ် …………..
တစ်ခြားတစ်ယောက်နဲ့ပဲတူယှဉ်တွဲနေမလား.....။
ဝေခွဲမရ ကြေကွဲညတွေဆက်လို့
အတိတ်ကိုပြန်တွေးတိုင်း
စိတ်ပျက်လို့ ၀ိတ်တက်
မင်းအတွက်နဲ့ နေ့စဉ်ရက်ဆက်
ငါ့အသဲတွေကွဲမတတ်
ခုတော့ အသဲမပါ ချစ်စိတ်ဗလာနဲ့
အသစ်ကိုလည်း မချစ်ချင်
အဟောင်းကိုလည်းအပြစ်မတင်ချင်
ကံကြမ္မာကို ယိုးမယ်ဖွဲ့
ဒီဘ၀ဒီမျှပဲရေစက်ပါခဲ့တဲ့
ဒို့နှစ်ဦး ချစ်ကမ္ဘာ နှစ်တစ်ရာမတည်ခဲ့ပါ။
ခုတော့ ချစ်ဖူးသမျှ ဒဏ္ဍာရီ
လွမ်းရသမျှ သံသရာချီ
ငါ့နှလုံးသားထဲမှာ
ချစ်ရမှာလည်းကြောက်
လွမ်းရမှာလည်းကြောက်
မင်းပေးခဲ့တဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်..........။
Cinthi ( GTC )
အချိန်ဆိုတာ သမားတော်......?
ဘုပုံလဲကွ..နကောင်မလေး အငယ်ပုံနဲ့ တူထှာ..ညီညီရာ
အတိတ်ဆိုတဲ့ အရိပ်က
တိတ်တဆိတ် တိုးဝင်လာ
နင့်ကို သတိရ တာတွေ ရှိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မလွမ်းနဲ့ တော့တဲ့...............။
ချစ်တယ် ဆိုတဲ့ စကားလုံး
မုသားတွေ သုံးကာ
နင်ပြောခဲ့ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
မုန်းလိုက် တော့တဲ့.................။
သစ္စာ တရားကို
အပေါစား သဖွယ်သုံး
နင် ငါ့ကို ပစ်ခဲ့တုန်းက
ခံစားရ တာကို တွေးမိရင်
ငါ့ ဦးနှောက်က စေခိုင်းချင်တယ်
နာကျည်း လိုက်တော့တဲ့.................။
ချစ်သူရေ......
နှလုံးသားဆိုတာ
ဦးနှောက်ရဲ့ စေခိုင်းချက်မှာ
တိကျစွာ လိုက်လျော လျှက်ဆိုရင်
ငါလည်း နင့်ကို မေ့လိုက်ချင်တယ်..............။
"လူတွေ ပြောကြပါ သေးတယ်
အချိန်ဆိုတာ သမားတော်တဲ့"
ချစ်သူရေ....
အချိန်ဆိုတာ
ငါ့အတွက် အမှန်စင်စစ်
သမားတော် မဖြစ်ခဲ့ ဘူးဆိုတာ.......................။
ညီညီ(မြန်အောင်)
ဟိုအရင်ချိန်တုန်းက
တစ်ယောက်ကိုတစ်ယောက်
ဘယ်တော့မှမခွဲဘူးဆိုတဲ့
ဆံတော်ရှင်စေတီဦးမှာ
သစ္စာကတိတွေကိုပေးခဲ့ကြ
ပျော်ရွှင်ကြည်နုးခဲ့တဲ့
တို့နှစ်ယောက်ရက်အဖြစ်ပျက်တွေ
ကြိုက်ကာပြုံလို့
ဖြေသိပ့်ရတဲ့ရက်တွေလဲ
နှစ်လကြာခဲ့ပါပြီချစ်သူ
မင်းမရှိတော့တဲ့ငါရင်ဘက်က
ဟာတာတာနဲ့နေရက်တွေ
ဖြတ်သန်းနေရတယ်ချစ်သူ
အခုတော့....မင်းက
တစ်ပါးသူရင်ခွင်မှာ
ပေးဖူးတဲ့ကတိသစ္စာတွေမေ့လို့
ပြုံးပျော်ကြည်နုးနေတယ်ပေါ့
ဟုတ်လား....ချစ်သူ
ငါမှာတော့မင်းပြန်လာမဲ့ရက်
စောင့်မျော်နေရတာ
အခုချိန်ထိပေါ့....ချစ်သူ
@@@ဖြိုးဝေအောင်@@@ · Feb 17 · တန်ဖိုးသတ်မှတ်ချက် 3 · မှတ်ချက်များ 3 · ခေါင်းစဉ်ခွဲမှာ- ကဗျ
ချစ်တယ်ဆိုသော စကားသံလေ
ပျော်ရွင်သာယာခဲ.မိ…
စကားသံချိုချိုလေးကို ကျေနပ်မိခဲ.
ချစ်တယ်ဆိုသော စကားလုံးလေးနှစ်လုံးနဲ့
မင်းရက်စက်ကထားသွားလဲ
ကျေနပ်စွာ ခံယူရင်
အမှတ်တရတွေကို
တစ်သက်လုံး သိမ်းဆည်ထားမယ်………
ပစ်ခွာသွားလို့အပြစ်မယူ..
ရက်စက်ကာသွားသူလေးရယ် ..ခွင့်လွတ်နေမယ်
မင်းပြောခဲ.တဲ့ စကားတိုင်:...
တို့အတွက်တော့ အမှတ်တရဖြစ်နေဆဲပါ ချစ်ရသူရယ်...
မြူနှင်းကဗျာ · Mar 19 · မှတ်ချက်များ 4 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
ငါဟာ အချစ်ကြောင့် ပျော်ရွင်ကြည်နူး ပီတိဖြစ်ခဲ့ရသလို..
အချစ်ကြောင့် လွမ်းဆွတ်သတိရ တမ်းတခဲ့ရတယ်
အချစ်ကြောင့် ဒဏ်ရာနာကျင်မှုခံစားရလည်း…
အချစ်ကြောင့် နှလုံးသားတစ်ခုနဲ့အသည်းကြေမွပျက်စီးသွားပါစေ
တကယ်တော့ ငါဟာ အချစ်မှာအကြိမ်ကြိမ်ကျရှုံးတဲ့
အချစ်ကျိန်စာသင့်သူပါ……
                                                                   မြူနှင်းကဗျာ
အနိုင်နဲ့ပိုင်းနေတတ်တဲ့..
ကံဇာတ်ဆရာ..
ဘယ်အခါမှများ
ငါ့ကို အရှုံးပေးမလဲ..
အကြင်နာပါတဲ့အပြုံး..
ယုယမှုတွေ
ဘယ်သက္ကရာဇ်မှများ.
ရောထည့်ပေးမလဲ..
မင်းလာမယ်ထင်တဲ့
ရင်ခွင်လမ်းလေးလဲ
ဘယ်တော့မှများ.
သာယာနိုင်မလဲ..
ငါ့နှလုံးသားလေးလဲ..
မတိုးတော့တဲ့ဆေးတွေနဲ့..
အသက်ဆက်ရင်း..
မင်းကို လွမ်းရင်းပေါ့...
မေသုခပိုင် · Apr 3 · မှတ်ချက်များ 4 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
တစ်ယောက်ထဲ အထီးကျန်
ငေးမောရင်းနဲ့
လွမ်းရတဲ့နေ့ရက်တွေ
ထပ်ကာဆင့်ရင်
မျှော်လင့်ချက်
ရောင်ခြည်တွေ
တစ်နေ့ပြီးတစ်နေ့
ကုန်ဆုံးသွားသလို
မှောက်မိုက်တဲ့ ညတွေတောင်
မရှိသလောက်ပါပဲ
မလုပ်ဖူးတာတွေ
ရူးမိုက်စွာ လုပ်ခဲ့မိတယ်
ဝန်းကျင်တစ်ခုလုံး
အငိုမျက်လုံး အပြုံးမျက်နှာ
ဟန်ဆောင်ရတာတွေ
ပင်ပန်းလှပါပေါ့
လွမ်းဆွေးသတိရလို့
မသေနိုင်ပေမဲ့
ချစ်ရသူ နင့်အတွက်
ငါ့ရဲ့အကျဉ်းချထားတဲ့
နှလုံးသားကို ဖြောင့်ချက်ပေး
လွပ်လပ်ခွင့်ပေးပါတော့…ဟာ
                                                           မြူနှင်းကဗျာ
အရမ်းလွမ်းမိတယ်ချစ်သူရေ
အရမ်းချစ်မိရင်အရမ်းလွမ်းရတတ်တယ်တဲ့
ငါအခုအရမ်းလွမ်းနေရပြီ
ငါအရမ်းချစ်ခဲ့မိလို့ပေါ့
မင်းဘေးနားမှာ အချိန်ပြည့်နေချင်ပေမဲ့
ရက်စက်တဲ့ကံကြမ္မာက ငါ့ကိုမျက်နှသာမပေးဘူးလေ
ငါလေ မင်းဘေးနားမှာ မင်းလိုအပ်သမျှကိုဖြည့်စည်းပေးနေချင်ခဲ့တာပါ
ဒါပေမဲ့မင်းက
ငါ့ကိုဝေးဝေးနေစေချင်တော့လည်း မငှ်းဆန္ဒအတိုင်း ဝေးဝေးကနေပဲလွမ်းနေရတာပေါ့
ဒါပေမဲ့ချစ်သူရေ
ငါမင်းကိုမမေ့နိုင်သေးဘူး
ငါမင်းကို မမုန်းနိုင်သေးဘူး
သတိမရဘဲမနေနိုင်သေးဘူး
တိုက်ဆိုင်မှုမရှိဘဲ သတိယနေမိသေးတယ်
စိုင်းထက်ဝေ · May 26 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
အရမ်းလွမ်းမိတယ်ချစ်သူရေ
အရမ်းချစ်မိရင်အရမ်းလွမ်းရတတ်တယ်တဲ့
ငါအခုအရမ်းလွမ်းနေရပြီ
ငါအရမ်းချစ်ခဲ့မိလို့ပေါ့
မင်းဘေးနားမှာ အချိန်ပြည့်နေချင်ပေမဲ့
ရက်စက်တဲ့ကံကြမ္မာက ငါ့ကိုမျက်နှသာမပေးဘူးလေ
ငါလေ မင်းဘေးနားမှာ မင်းလိုအပ်သမျှကိုဖြည့်စည်းပေးနေချင်ခဲ့တာပါ
ဒါပေမဲ့မင်းက
ငါ့ကိုဝေးဝေးနေစေချင်တော့လည်း မငှ်းဆန္ဒအတိုင်း ဝေးဝေးကနေပဲလွမ်းနေရတာပေါ့
ဒါပေမဲ့ချစ်သူရေ
ငါမင်းကိုမမေ့နိုင်သေးဘူး
ငါမင်းကို မမုန်းနိုင်သေးဘူး
သတိမရဘဲမနေနိုင်သေးဘူး
တိုက်ဆိုင်မှုမရှိဘဲ သတိယနေမိသေးတယ်
စိုင်းထက်ဝေ · May 26 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
@......ရာဇ၀င်တင်မဲ့ ...* အချစ် *.....@.
ရာဇ၀င်မှာ
စာတင်လောက်တဲ့
အချစ်ရှုံး သမား
ဒဿကြီး မဟုတ်ပေမဲ့.....
ခေတ်သစ်မှာ
အချစ်စစ်တွေနဲ့
ချစ်ခဲ့သော်လည်း
အပြစ်မပါတဲ့
မေတ္တာတရားကို
လွင့်ခါ သွားရက်သူရယ်....
ထားခဲ့သူ _
ထားခဲ့သော်လည်း
ကျန်ခဲ့သူ
ဒီရင်ထဲမှာ
အလွမ်းတွေ ဗလပွနဲ့
နွမ်းကြေကာ နေခဲ့ရတဲ့
နှလုံးသားမှာ
ဖြန်းလေသမျှ ရေတွေလည်း
မစွမ်းနိုင်ခဲ့ပါဘူး ... ချစ်သူ...။
linnawe · Jun 5 · မှတ်ချက်များ 1 · ခေါင်းစဥ
သိပ်လွမ်းလို့ ၀မ်းနည်းရတဲ့
အချိန်တွေမှာ ...
မျက်ရည်ဆိုတာ...
ငါ့အတွက် အကောင်းဆုံး
အဖော်မွန်ပါ။။။။
ဝမ်းနည်းလို့
ကြေကွဲရတဲ့...
အချိန်တွေမှာတော့...
ဒီ
ကမ္ဘာမှာ
ငါအတောင့်တဆုံးအရာဟာ
မင်းပုံရိပ်လွှာကလွဲလို့..
ဘယ်အရာများ ရှိဦးမှာလဲကွာ///////
မေသုခပိုင် · Jun 7 · မှတ်ချက်များ 3 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
ချစ်သူ…………
မင်း တစ်ယောက်ကို
ငါ့ဘ၀မှာ ဘယ်တုန်းကမှ
မချစ်ဖူးခဲ့တဲ့ အချစ်စစ် အချစ်မှန် နဲ့
ချစ်ခဲ့တာဆိုတာ မင်း သိနိုင်ပါစေ…….
ချစ်သူ…………….
အခုချိန်မှာ မင်း ငါ့ရင်ခွင်ကို
စွန့်ခွာ သွားပေမယ့်
မင်း ပြန်လာမယ့်အချိန်ကို
စောင့်မျှော်ရင်း ငါ့ရဲ့ ရင်ခွင်တံခါးကို
မင်းအတွက်ဆို အမြဲတမ်းဖွင့်ထားပါတယ်………
 ချစ်သူ……….
စိတ်ကူးတွေနဲ့ ရူးနေရတဲ့ ငါ့ဘ၀လေးကို
တစ်ချက်လောက်တော့ လှည့်ကြည့်စေချင်တယ်
အဲဒီအခါကျရင် မင်းကို
ငါ ဘယ်လောက်ချစ်တယ်ဆိုတာ
မင်း နားလည်နိုင်မှာပါ………..
ချစ်သူ………
ငါက ငါ့အတွက်ပဲ ငါပြောတယ်လို့
မင်းထင်ရင် တောင်းပန်ပါတယ်
ချစ်သူအတွက်ဆိုရင်
အရာရာကိုစွန့်လွှတ်နိုင်ပါတယ်
စွန့်ပစ်ခံရတဲ့ ငါ့ဘ၀မှာပဲ
ငါနေနိုင်အောင် ကြိုးစားပါ့မယ်
ချစ်သူ….
 ဝေါဟာရကြွယ်တဲ့ လောကကြီးမှာ
ရင်ထဲခံစားချက်ကို ဖော်ပြနှိုင်ဖို့
စကားတစ်ခွန်းတောင် မရှာနိုင်ခဲ့တာ
ငါ့အဘိဓာန်ဟာ နုနယ်လွန်းလို့ပါ။
ကျောခိုင်းထားစရာ မလိုပါဘူးကွာ။
မျက်လုံးချင်းတောင် မဆုံချင်တော့ဘူးဆို…..
ငါ…မင်းရဲ့အဝေးမှာနေပေးပါ့မယ်။
ဒါပေမယ်………………………….
မင်းမရှိတဲ့ငါ့ညဟာ…………………
ကြယ်တွေကြွေ…………………….
မိုးသံမတိတ်………………………..
ဆောင်းဒဏ်နဲ့ အိပ်နေရပေမယ့်
ငါမပါတဲ့မင်းညမှာတော့……………
ကြယ်တွေကကြိုးသီ……………….
မိုးသံတွေစည်းချက်ညီလို့………….
ဆောင်းလေအေးနွေးနေမယ်ဆိုရင်..
နောက်ဆုံးအခွင့်အရေး
မင်းအရိပ်တွေခိုးခိုးနမ်းရင်း……….
ငါလေ…….ဘ၀တစ်သက်လုံး……. ကျဆုံးနေပါ့မယ်…ချစ်သူရယ်….
စိုင်းထက်ဝေ · Oct 3 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
လူတယောက်ကို
ချစ်ခဲ့ဖူးတယ်…….
အသဲနင့်အောင်ပါဘဲ
လူတယောက်ကို
ပေးဆပ်ခဲ့ဖူးတယ်
ငါ့ မျက်ရည်တွေကုန်လောက်အောင်ပါဘဲ
လူတစ်ယောက်ကို…..
ခွင့်လွတ်ပေးခဲ့ဖူးတယ်
ငါ့ နှလုံးသွေးမြေခအောင်ပါဘဲ
လူတစ်ယောက်ကို
နားလည်ပေးဖို့ကြိုးစားရင်း…..
နားမလည်မှုတွေအဆုံး
ရင်ကွဲခံပြီးအရှုံးပေးလိုက်ပြီ….
တသက်တာလုံးအတွက်ပါ…………
စိုင်းထက်ဝေ · Oct 3 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
မင်းကိုတိတ်တိတ်လေးချစ်နေပေမဲ့
မင်းကိုသိစေချင်တယ်
မင်းကိုတွေ့ ရင်မျက်နှာလွှဲနေပေမဲ့ 
မင်းကိုကြည့် နေချင်တယ်
မင်းရဲ့ အရှေ့ ရောက်ရင်နှတ်မဆက်မိပေမဲ့ 
ရင်ထဲမှာတော့အကြိမ်ကြိမ်စကားပြောနေမိတယ်
သူ ကိုဂရုမစိုက်သလိုနေပေမဲ့ 
သူတစ်ခုခုဖြစ်မှာကိုစိုးရိမ်နေတယ်
သူစိမ်းယောကျာ်းလေးနဲ့ စကားပြောရင်
မသိချင်ယောင်ဆောင်နေပေမဲ့ 
သ၀န်တိုမိတယ်
သြော်…
တိတ်တိတ်လေးချစ်ရတာတော်တော်လေးပင်ပန်းပါတယ်ကွာ
စိုင်းထက်ဝေ · Oct 4 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
ကောင်မလေးရေ….
နွေတွေကို ကျော်ဖြတ်ဖို့
မိုးရာသီ လွန်စေဖို့
ဆောင်းလေကို အံတုဖို့
ငါ့ကို အင်အားတွေပေးလိုက်ပါနော်…….
ငါလေ…
သိပ်ကြိုက်တဲ့ ကော်ဖီတွေကို
မသောက်ပဲနဲ့လဲနေနိုင်နေပါပြီ
ခပ်ပြင်းပြင်း ROCKသီချင်းတွေလည်း
နားမထောင်တော့တာကြာပါပြီ
ပြီးတော့
ငါဆေးလိပ်လည်းမသောက်တော့ဘူး
ဒါဆိုနင် ကျေနပ်မှာလားဟင်……….
ကောင်မလေးရယ်…
ငါအရမ်းကြိုက်တဲ့ ROCKSTAR ပုံတွေခွာပြီး
နင်အရမ်းချစ်တဲ့
POOH ပုံတွေကို
အခန်းပြည့်ကပ်ထားတယ် သိလား
လာကြည့်လှည့်ပါလားဟာ…..
ကောင်မလေးရေ…..
နောင်တတွေတသီကြီးနဲ့
ငါနေလို့မရအောင်လွမ်းနေတယ်ဆိုတာ
နင်သိခဲ့ရင်
ပြန်လာလှည့်ပါနော်……..
စိုင်းထက်ဝေ · Oct 4 · ခေါင်းစဉ်ခွဲမှာ- ကဗျာ
`ချစ်ဦးသူသို့ ´
ချစ်သူ
အထီးကျန်သူရဲ့  ခံစားချက်
မင်းထည့်တွက်ရင်
ငါ့ကိုမင်းမထားခဲ့ရက်လောက်ဘူး..
..
လွမ်းလွန်းသူရဲ့အသည်း
ဘယ်အတွက် မာရဲမလဲ
နာရဲလို့ ဒီအသည်းကို
စတေးခဲ့တာမဟုတ်ဘူး.....
မင်းပျော်ဖို့တစ်ခုအတွက်
ငါ့နှလုံးသားကိုနင်းသတ်
အရှင်လတ်လတ်ခံခဲ့ရတာတောင်
ဒီကောင်ကမမုန်းရက်ခဲ့ဘူး.....
မျက်ရည်လွယ်လွန်းတဲ့ငါ့အတွက်
သွေးပျက်မတတ်ခံရခက်တာ
ဒီလိုညမျိုးပေါ့.....
လက်တကမ်းရောက်မှ လက်ပန်းကျ
မောဟိုက်နွမ်းလျလွန်းလို့
အရှုံးပေးလိုက်ရတဲ့ အရှုံးသမားလိုဘဲ.....
ရင်ထဲအလွမ်း
တကယ်တမ်းလွမ်းရတော့
အရမ်းနာကျင်ရတယ်.....
အခုတော့အရှိုက်ခက်ခဲ့တဲ့
ဒီမျက်ရည်စက်တွေနဲ့အတူ
အထီးကျန်မှုတွေကိုငါအဖော်ပြုမယ်.....
လွှမ်းဝေအောင်
ဘာသာပြန်ခက်နေတဲ့ 
ငါ့ရဲကာရံမဲ့ မျက်ရည်တွေ
အခန်းကျဉ်းလေးမှာတိတ်ဆိတ်ငြိမ်
သက်နေတယ်
ဂစ်တာတစ်လက်ကိုဆွဲ  အလွမ်းသီချင်းလေးတိုးတိုးငြီးလို့ 
အလွမ်သင့်နှလုံးသားတစ်စုံနေရာအနှံ လွှင့်ပြန်ကုန်တယ်........။
ငါ့ကိုနင်မေ့နေပေမယ့်
နင့်ဓါတ်ပုံကအရင်လို ပြုံးပြနေဆဲပါ
အေးစက်စက်နင့်ရဲ အပြုံးတစ်ချက် အောက်မှာ
ငါ့ရဲ့ ရင်ကိုအမုန်းမုန်တိုင်းတစ်ခုတိုက်ခက်ချိန်မှာ
ရင်ခွင်တစ်ခုလုံးဗလောင်ဆူသွားတယ်.................။
အားလုံးငြိမ်သက်သွား ချိန်မှာ
ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်
ကမ္ဘာပျက်သုဉ်းလို့   အရာအားလုံးစိတ်သုဉ်းသွားတယ်
ချစ်ဖူးရင်အသဲကွဲဖူးတယ် အသဲမကွဲဖူးသေးရင် မချစ်တတ်သေးပါဘူး.........။
ဟုတ်တယ်ကျနော် ချစ်ဖူးတယ်
ပြီးတော့ အသဲကွဲဖူးတယ်
တစ်ခါတစ်ခါ သတိနဲ့ အသိလွတ်သွားတယ်
မကြာမကြာသတိရတဲ့ အခါခါပဲ ဝမ်းနည်းပက်လက်ဖြစ်သွားတယ်
အားလုံးရူးသွားပြီလို့  ဝိုင်းပြောနေကြနေတာလား
ဟုတ်တယ်ဒီကောင်မလေးအတွက်ပေါ့ ကျနော်ရူးနေပြီ
အရမ်းချစ်ဖူးခဲ့ ကောင်းမလေးတစ်ယောက်ကြောင့်ပေါ့ဗျာ ...........................။
ဖိုးခွားလေး(ကော့မူးမြို )
ရူးရလေတယ် ချစ်သူ
နင်မရှိတော့တဲ့  ငါ့ဘဝထဲ
မနေတတ်တော့လို့ 
အသေသတ်မယ်ဆိုမယ်လည်း
ကျေနပ်ပါတယ် ချစ်သူရယ်.....
ဖြေစရာမရှိလည်း
နေသာသလိုနေပါ့မယ်
မဝေခင်ကတည်းမြေပြင်မှာ
ကြွေကာနေလေတဲ့  ပန်းခြောက်လေးတွေရယ်
ဘယ်လိုမှငြင်းမရတဲ့ ဒီချစ်တွေနဲ   
ဖြတ်မရတဲ့  သံယောဇဉ်ကြိုး
နှောင်ထုံးကာ ရစ်ပတ်နေတော့
မောင်တစ်ယောက်အဖို့  ဖြတ်ပစ်ဖို့ ခက်နေတယ် ချစ်သူ...........
ဝေဒနာတွေပြိုကျ
အလွမ်းတွေမြေခကုန်ပြီ
တမ်းတခြင်းတွေ အညိုရောင်သန်းလို့ 
ရင်ထဲကအက်ကွဲသံတွေနဲ့  ခေါ်နေမိလည်းမထူးတော့လို့ 
မျှော်နေတဲ့ သူပဲ ရူးရလေတယ် အဝေးဆုံးက ချစ်သူရယ်................
                                                       ဖိုးခွားလေး(ကော့မူးမြို့ )
“ထာဝရ ခိုင်”
 ဘ၀တွေ အသွင်မတူလို့
       မာနတွေ တံခွန်ထူတာလား.....ခိုင်....
သူမသိပေမယ့်...................
         အပူရှိတယ် ဘယ်သူထင်မှာလည်း
          ရင်ခွင်မှာ ဝေဒနာမီးတွေက
          မရွှင်သာ တသွင်သွင်စီးပါလို့
          ချစ်ရသူ ဒီမောင် မှာတော့
             ရှုးရပေါ့ ......ခိုင်...........။
          ......................................
           နွမ်းရိခွေယိုင်.......
          စိတ်ဓာတ်တွေ မခိုင်ချင်တော့ပါဘူး
           အိပ်စက်လျှင် မေ့တန်ကောင်းပါရဲ့
          အဖြည့်ခံ နှလုံးသားရယ်က
             အမုန်းစကား မလိုချင်
              ငြိုငြင်လိုက ငြိုငြင်လိုက်
             ခိုင့် အကြိုက်  ခိုင့်သဘော
            ခိုင် မနောတွေ့မယ် ဆိုရင်
           တောမွေ့ ယာလည်း ပျော်မယ်   ခိုင်......။
         ..........................................................
           အခုတော့ ..........ခိုင်ရယ်
            နှစ်တစ်ရာ တိုင်တိုင်
           ချစ်သဒ္ဒါတွေ ခိုင်မြဲ ချင်ပေမယ့်
           ဆွေးရက်ရှည် အနန္တအတွက်
           ကျေးငှက်တွေ သီဆိုနေပြီမို့
           ငိုချင်တောင် မျက်ရည်ထိန်းပါ့မယ်...........။
               စိမ်းလိုက်ပေါ့.................ခိုင်.......။
ရဝေသစ်(မြတမာ)
No comments: