Sunday, February 17, 2013

အဆုံးသတ်မှတ်တမ်း


ငါ့နှလုံးသားရဲ့ နိဒါန်းအစမှာ
ရင်ခုန်မှုတွေ ပိုင်ခဲ့ပေမဲ့
ဇာတ်သိမ်းမလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို
နောက်ဆုံးတော့လည်း အဆုံးသက်ခဲ့ပြီ.....
ကြင်နာမှုတွေပေးကမ်း
လက်တစ်လှမ်းအကွာက အနမ်းတွေကို
ရိုးလို့မင်းကြာလာတဲ့အခါ
ဒဏ်ရာတွေပေး ငါနဲ့အဝေးကို
ထားလို့လည်း မင်းထွက်သွားခဲ့ပြီ.....


အခုတော့
သွေးမတိတ်တဲ့ဒဏ်ရာ
ပြည့်နှက်နေတဲ့ နှလုံးသားမှာ
အချစ်စစ်ကို အလေးမထား
ပေါ့ပေါ့တန်တန် ကစားခဲ့တဲ့နင်က
ဆူးတစ်ကိုင်းနဲ့ နှင်းဆီရိုင်းမှန်း
သိတဲ့အချိန်ကစလို့
တစ်ခြမ်းသာရှိတော့တဲ့ ငါ့အသည်းမှာ
နာကြည်းစိတ်တွေဖုံးလွှမ်း
အဆုံးသက်ရဲ့မှတ်တမ်းတစ်ခုအဖြစ်သာ
ကျန်ခဲ့ပြီ......၊၊၊၊၊၊
                     မိုးစက်(အရံလူ)
       အလင်းကမ္ဘာ  ဆိုဒ်မှ ကူးယူ တင်ပြခြင်းဖြစ်ပါသည်....။

No comments: