Sunday, September 16, 2012
မုန်းဖို့ ခက်တယ်
ချစ်သူ...
 နင့်ကိုလေ အပြစ်မယူတာမဟုတ်ပါဘူး
  အပြစ်မယူရက်တော့တာပါ
   ငါ့မှာအစွယ်မရှိလို့  မဟုတ်ပါဘူး
    မလိုချင်တော့လို့  ဖြုတ်ထားလိုက်တာ
     မာန  မရှိတော့လို့ လည်းမဟုတ်ပါဘူး
      မရှိသင့်တော့ဘူးထင်လို့  ခွာချလိုက်တာပါ............။
 ငါမချစ်တတ်ခဲ့ လို့ မဟုတ်ပါဘူး
  အချစ်ငတ်လို့ ဖြစ်သွားခဲ့ တာပါ ချစ်သူ
   ငါတို့ တွေအရင်းနှီးဆုံးချစ်ခဲ့ ကြပြီး
    အမုန်းမရှိကြပေမယ့် အနာကျင်ဆုံးနှလုံးသားပိုင်ရှင်နဲ့ 
      မျက်နာစိမ်း ချစ်သူတွေ ဖြစ်နေကြပြီလေ....................။
  လက်ကမ်းတုန်းကတော့ သိမ်မွေ့ စွာနူညံ့ခဲ့ တဲ့  ငါ့နှလုံသား
   နင့်လွှတ်ချလိုက်တဲ့ ငါ့အချစ်ငါ့မေတ္တာနဲ့  ငါနှလုံးသား
    နင်ကျောခိုင်းခဲ့ တဲ့ နောက်ကွယ်မှာ 
ဖွဖွလေးကျလို့ တစ်စစီကွဲအက်ခဲ့ ပြီ ချစ်သူ.............................။
ချစ်သူရေ......
  မမုန်းချင်ပေမယ့် မေ့လိုက်ချင်တယ်
   တစ်ခါတစ်ခါသတိရနေပမယ့် 
ထာဝရ မုန်းလိုက်ချင်တယ်
    အပြီးပိုင်ဖြတ်တောင်လိုက်ချင်ပေမယ့် 
သံယောဇဉ်မကုန်သေးတော့ခက်တယ်
     ရင်ထဲကနင်နဲ့ အဝေးကြီးထွက်သွားချင်ပေမယ့် 
အတွေးချင်းနီးချင်သေးတယ်
    အဆုံးမရှိတဲ့ ချစ်ခြင်းနဲ့  ချစ်မိတော့လည်း 
မုန်းဖို့ ခက်တယ် ချစ်သူရယ် မုန်းဖို့ ခက်တယ်....................။
 ဖိုးခွားလေး (ကော့မူးမြို့ )
No comments: