Tuesday, August 20, 2013

ရုန်းထွက်ခွင့်


ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့အတွေးထဲက ထွက်သွားပေးပါ.
ဘ၀အတွက် ရယ်စရာ မောစရာတွေ
တွေးတောခွင့်ရချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဦးနှောက်ထဲက ထွက်သွားပေးပါ.
မှတ်ဥာဏ်တွေထဲ ပျော်၇ွှင်စရာများ
ပြောင်းလဲထည့်သွင်းခွင့်ရချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး
ငါ့ဘ၀ထဲက ထွက်သွားပေးပါ.
နေ့ ရက်တွေတိုင်း မင်းရဲ့အရိပ်က
လွတ်မြောက်စွာ ကြိုးစားကြည့်ချင်သေးတယ်...

ချစ်သူရယ်..
ကျေးဇူးပြုပြီး..
ငါ့နှလုံးသားထဲက ထွက်သွားပေးပါ.
ရင်ခုန်သံတိုင်း ဒဏ်ရာကင်းစွာ
နိုးကြားခွင့် ရှိနေချင်သေးတယ်...

ဒါတွေဟာ..
တောင်းဆိုရုံသက်သက်ပါ
မောင်းမထုတ်ပဲ မင်းထွက်သွားခဲ့တာ
အချိန်တွေ ကြာလှပေါ့..
ငါ့ကိုယ်တိုင် မလွတ်မြောက်နိုင်သေးတာတော့
ဘယ်နတ်ဆိုးရဲ့ ကျိန်စာများလဲနော်...
                                            

ဆူးသခင်(ရန်ကုန်)

No comments: