Sunday, September 16, 2012

ပန်းကလေး



ပန်းတစ်ပွင့်ကို တန်ဖိုးထား
ရင်ထဲမှာ မြတ်နိုးသွားခဲ့ ပေမယ့်
အပွင့်လိုလို့ အညှာချိုး
ရနံ့ကိုလည်း ငါမခိုးခဲ့ ပါဘူး..............။

ပင်ယံထက်နန်း တစ်ပွင့်ပန်း
ငါ့နှလုံးသားမှာ လန်းနေဆဲ
အိပ်မက်ထဲလည်း ငါမနမ်းရဲ ခဲ့ပါဘူး.............။

ကြည့်နေရုံ အဖြစ်
လွမ်းနေရုံ အဆင့်
လိပ်ပြာငယ်ကြောင့် အဆိပ်သင့်
မြေပြင်ပေါ်မှာ သူကြွေလွင့်
သဘာဝရဲ့ အပြစ်
ငါလည်း ရင်မနာ သင့်တော့ဘူး............။

ညီညီ(မြန်အောင်)

No comments: