Sunday, September 16, 2012

ချစ်သည် လွမ်းသည် မုန်းသည်



အငြိမ်းဇယားတော့ မဟုတ်ပါဘူး
မိန်းမသား တစ်ယောက်ရဲ့
စိမ်းကားမူအောက်မှာ
တိမ်းပါးသွားတဲ့  ငါ့နှလုံးသား
အစိမ်းလိုက် အခွဲခံလိုက်ရသူပါ
အသဲစွဲချစ်မိတော့လည်း
အလဲအကွဲခံစား နေရပါတယ်.................
.

မချစ်တော့တဲ့ သူကို
အပြစ်တော့ မယူရက်ဘူးနော်
နှစ်လရှက်ရှည် ချစ်ခဲ့ သူကိုလည်း
ပစ်ထားခဲ့ လေတယ် ချစ်သူရေ...................

မေတ္တာတွေနဲ့  ဝေးလို့ 
သစ္စာရေတွေကို လက်ဆေးခဲ့ တာလား
အနှစ်သာရမရှိတဲ့  နင့်ရဲ့ အသစ်ကမ္ဘာမှာ
အချစ်ရှာချင်သေးတာလား.............?

သစ္စာပျက်နေသူရေ
မေတ္တာစစ်နဲ့  ချစ်နေသူကို
မုသားတွေနဲ့  လှည့်စားခဲ့ တော့
မရှူ့ မလှနဲ့  ဒီနှလုံးသားက မင်းကိုပြောတယ်
ချစ်ခဲ့ တယ် လွမ်းဖူးလိုက်တယ် ပြီးတော့ မုန်းလိုက်တယ်...............။
  ဖိုးခွားလေး (ကော့မူးမြို့ )

No comments: