Sunday, September 16, 2012
ငါ့ဘဝရဲ့ နေဝင်ချိန် (သို့ ) ရင်ခုန်သံ မရပ်တန့် ခင်
မုန်းဖို့  ချစ်ခဲ့ တာ မဟုတ်တော့
ချစ်ပြီးတော့ မုန်းမရခဲ့ တာ မထူးဆန်းတော့ပါဘူး ချစ်သူ
နင့်ကြောင့်နှစ်လပေါင်းများစွာ ဘဝပျက်ခဲ့ ပေမယ့်
တစက္ကန့် လေး ချစ်တယ်လို့  နင်ပြောဖူးတာလေးနဲ့  ငါကျေနပ်ခဲ့ တယ်
ငါ့မာနနဲ့  ငါ့သိက္ခာတွေကိုလူတွေမသိအောင်
တိတ်တိတ်လေး လမ်းခင်းပေးခဲ့ တယ်
ငါ့ရဲ့မျှော်လင့်ခြင်းရောင်ခြည်ဦးက 
နင့်ကြောင့်တိမ်တိုက်တွေလို ဦးတည်ချက်မရှိ
လွှင့်မျောချင်သလို လွှင့်မျောနေတော့လေ ငါ့ဘဝလည်းဦးတည်ချက်မရှိ
ခြေဦးတည့်ရာရောက်နေပြီဆင်ကန်းတောတိုးသလိုလျှောက်နေမိတယ်
နင်ထားခဲ့ ပြီးနောက်မျှော်လင့်ချက်တွေပျက်သုဉ်းလို့ 
အသည်းတွေလည်း တစ်စိမ့်စိမ့်ကွဲ ရင်ခုန်ခြင်းတွေ မညီမညာနဲ့ 
တစ်ခါတစ်လေ ငါ့အသက်ကိုတောင် လာလာရန်ရှာတယ်
ငါလည်း ရိုးရိုးလေးနဲ့  ချစ်မိလို့  ယဉ်ယဉ်လေးရူးနေသူပါ
နင်ပေးခဲ့ တဲ့  တစ်စက္ကန့် အချစ်က
ငါ့အတွက်တစ်ဘဝလုံး ရူးသွတ်စေတာလား
တစ်ခဏတာမျှော်လင့်ချက်ကရော
တစ်ဘဝတာလွမ်းဆွတ်ခြင်းတွေပဲလား
တစ်သက်တာ စည်းခြားခြင်းတွေလား
ဒါမှမဟုတ် အရာရာအားလုံးက ငါ့ကိုညာခဲ့ တာလား  .......?
မေးခွန်းတွေငါ့ရင်မှာမကျက်နိုင်သေးတဲ့  ဒဏ်ရာတွေနဲ့ 
ကုစားရင်ဆွေးနေရတယ် ပြန်ချစ်နိုင်ဦးမလားလို့  
အရင်လို ကောင်းကင်ကြီးကိုအရူးထပြီးမပြောတော့ပါဘူး
အဖြေမရှိတဲ့  ဥပေက္ခာတွေရဲ့ကြား 
ငါ့နှလုံးသားမှာ မေးခွန်းတွေနဲ့ ပြည့်နှက်နေပါပြီ
ရင်နင့်စွာနဲ့ ပဲ ငါငိုကြွေးလိုက်ပါတယ်
ဒါမှမဟုတ် ငါ့ရင်ခုန်သံတွေ မရပ်တန့် ခင်အချိန်ထိ
ချစ်နေပါစေ ချစ်သူရယ်.....................................
                                                                                                                                                                                ဖိုးခွားလေး (ကော့မူးမြို့ )
No comments: